Main menu

မကွေးမြို့ ကုန်တင်/ကုန်ချ ကားကြီးဝန်းအတွင်း အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရရှိခြင်း

Powered by Drupal

            မကွေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုလမ်းကြောင်းများမှ တရားမဝင်ကန့်သတ်၊ တားမြစ်ကုန်စည်များနှင့် အကောက်ခွန်မဲ့ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး တားဆီးကာကွယ်ရန်အတွက် မကွေးတိုင်းဒေသကြီးအဆင့် တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးထိန်းချုပ်ရေး ကော်မတီ၏ ကွပ်ကဲမှုအောက်တွင် ဌာနဆိုင်ရာ ပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေးအဖွဲ့အား မကွေးမြို့ ကုန်တင်/ ကုန်ချကားကြီးဝန်းအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး (၄.၁၀.၂၀၂၁) ရက်နေ့မှစ၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနဆိုင်ရာ ပူးပေါင်းရှာဖွေ တားဆီးစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါ ဌာနဆိုင်ရာပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေးအဖွဲ့မှ (၁.၈.၂၀၂၂)ရက်နေ့တွင် မကွေးမြို့ကုန်တင်ယာဉ် ကြီးများရပ်နားစခန်း(ရပ်နား)တွင် လိုက်လံစစ်ဆေးရာ နံနက်(၉:၃၀) အချိန်တွင် ရန်ကုန်မြို့မှ မကွေးမြို့သို့ ကုန်မျိုးစုံ သယ်ဆောင်လာသော (၁၂)ဘီး မော်တော်ယာဉ်ပေါ် တွင် (Ostech Shampoo Cantaloupe, Apple, Fruity, Strawberry) အမှတ်တံဆိပ်ပါ အိမ်မွေးတိရိစ္ဆာန်သုံး ခွေးရေချိုးဆပ်ပြာများအား စစ်ဆေးရာ အဆိုပါပစ္စည်းနှင့် ပတ်သတ်၍ အထောက်အထားများ တောင်းခံရာတွင် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့်အတူ ထပ်မံစစ်ဆေး၍ အကောက်ခွန်မဲ့ တင်သွင်းလာသော ပစ္စည်းများဖြစ်သည့် (Ostech Shampoo Cantaloupe, Apple, Fruity, Strawberry)အမှတ်တံဆိပ်ပါ အိမ်မွေးတိရိစ္ဆာန်သုံး ခွေး ရေချိုးဆပ်ပြာ တစ်ဖာလျင် (၁၂)ဗူးပါဝင်သော (၆၀)ဖာ၊ (၇၂၀)ဗူး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်(၃၂၄၀၀၀၀) (သုံးဆယ်နှစ်သိန်းလေးသောင်းကျပ်)အား  (၂.၈.၂၀၂၂)ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် အမှုတွဲဖွင့်လှစ်သိမ်းဆည်း၍ အကောက်ခွန်ဦးစီးဌာနထံသို့ လွဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)