၁.၈.၂၀၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရန်မျှော်မှန်း၍ စားသုံးသူတို့၏အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် စားသုံးသူ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် လုပ်ငန်းရှင်တွေ့ဆုံပညာပေးလုပ်ငန်းများ၊ သက်ဆိုင်ရာ မိတ်ဖက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများကိုလည်း အချက်အလက် အထောက်အထားမှန်ကန်စေရေး၊ ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေး၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကို ဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်နစ်နာမှုများကြုံလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။ စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများကို အချိန်တိုအတွင်း ကုစားပေးနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်များတွင် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များ ဖွင့်လှစ်ထားကြောင်း၊ လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ Email ဖြင့်သော်လည်းကောင်း၊ Oniline မှ သော် လည်းကောင်း တိုင်ကြားလို့ရနိုင်ကြောင်း၊ ယခုအခါ လျင်မြန်ဆောင်ရွက်နိုင်စေရေးအတွက် စားသုံးသူ ပြည်သူများ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်စေရန် Call Center ဝန်ဆောင်မှုများဆောင်ရွက်လျက် ရှိရာ Call Center Short Code နံပါတ် (၁၅၃၅) သို့ Teloner ၊ Ooredoo နှင့် Mytel Sim Card များ အသုံးပြုများသော MPT Sim Card အသုံးပြုများသူများအနေဖြင့် Call Center ၏ Long Code နံပါတ် ၀၉-၇၆၅၄၈၁၅၃၅ သို့ ဆက်သွယ်ခေါ်ဆိုအသုံးပြု တိုင်ကြား၍ရကြောင်းများကိုလည်း အများပြည်သူ သိရှိစေရန် ပညာပေးဟောပြောခြင်း၊ သက်ဆိုင်ရာခရိုင်/မြို့နယ်အလိုက်တိုင်ကြားသည့် ကိစ္စရပ်များကို လက်ခံခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ နှစ်ဖက်ညှိနှိုင်း ဖြေရှင်းရန်ဆောင်ရွက်ခြင်း၊ စားသုံးသူရေးရာကော်မတီ၊ ကော်မရှင်အဆင့်ဆင့်တင်ပြ ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)