
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော (၆/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများရှိဝန်ထမ်းများမှ online virtual ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ရုံးချုပ်၊ စီမံရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးမှ(၅/၂၀၂၅)ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရုံးချုပ်၊ဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်း များမှ လိုအပ်သည်များအား ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)