
မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်များထုတ်လုပ်ရာတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိရေးအလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက် ရှိရာ မြင်းခြံမြို့ အမှတ်(၅)ရပ်ကွက်ရှိ စော်ဘွားနွယ် ဒိန်ချဉ် လုပ်ငန်းသည် စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိတို့ကုန်စည်တွင်ထည့်သွင်း ဖော်ပြရမည့် အချက်များ ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် (၁၉.၆.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၄:၃၀)နာရီ အချိန်တွင် ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထားမေးမြန်းဆောင်ရွက်ခဲ့ရာတွင် စားသုံး/ထုတ် လုပ်ဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း (ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း၊ အမျိုး အမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှုအချိုးအစားတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော် ပြရမည်ဖြစ်ကြောင်း၊ ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့်သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ စော်ဘွားနွယ် ဒိန်ချဉ် လုပ်ငန်းပိုင်ရှင်မှလည်း ဆက်လက်၍ လိုအပ်သည့်အချက်များ ဖြည့်စွက်၍ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
DOCA(မန္တလေး)