Main menu

တောင်ငူမြို့တွင် အလှကုန်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံတာဝန်ခံ ဦးမင်းဇော်နှင့် မြို့နယ်တာဝန်ခံဦးမြင့်သူတို့သည် သြဂုတ်လ ၁ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ မြို့မဈေးကြီးအတွင်း ရောင်းချနေသော အလှကုန်ဆိုင်များသို့ သွားရောက်၍ အလှကုန် ပစ္စည်း များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/မရှိနှင့် FDA ထောက်ခံချက်များဖြင့်  ရောင်းချခြင်း ဟုတ်/မဟုတ် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              တောင်ငူမြို့မဈေးကြီးအတွင်း အလှကုန်ရောင်းချသည့် ဆိုင်ကြီး ၆ ဆိုင်သို့ ဝင်ရောက် စစ်ဆေးရာတွင် လူသုံးများသည့် အလှကုန်များဖြစ်ကြသော Body Lotion ,  Summer UV3 Whitening Lotion, Gold Caviar UV White Body Lotion, Top Country Roll On, Extra Whiting Lotion များကို တွေ့ရှိရပြီး ၎င်းအမှတ်တံဆိပ်များတွင် မြန်မာသာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)