
၂၄.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် ပေါင်မြို့နယ်၊ ကတွန်ကျေးရွာနှင့် ပန်းကုန်းကျေးရွာတို့တွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချ ပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချမှုတွင် စားအုန်းဆီလက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများ လက်ဝယ်သို့နိုင်ငံတော်မှ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေးနှင့် အမှန်တစ်ကယ် ရောင်းချခြင်း ရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA (မွန်)