Main menu

ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် အ.မ.က(မြောက်ပိုင်း)ရှိ စာသင်ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၃.၈.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက် အ.မ.က(မြောက်ပိုင်း) ရှိ စာသင်ကျောင်းသို့သွားရောက်၍ စားသုံးသူအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင် မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး မှ အဆိုပါ စာသင်ကျောင်းရှိ ဆရာ/ဆရာမ (၆)ဦး နှင့် ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး စုစုပေါင်း (၁၀၆)ဦးတို့အား  စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ဈေးကွက်တွင်ရောင်းချနေသော ကုန်စည် များတွင် အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းရှိ/မရှိ ကြည့်ရှု၍ ဝယ်ယူသုံးစွဲကြရန်၊ စားသုံးသူများရသင့်ရထိုက်သည့် အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား အကျယ်တဝံ့ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

         ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများမှ  သိရှိလိုသိအချက်အလက်များအား မေးမြန်းရာတွင် ရှင်းလင်းပြောကြား၍ ဟောပြောဆွေးနွေးပွဲအပြီးတွင် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)