
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ တွင် ဘိလပ်မြေပြတ်လပ်မှုမရှိစေရေး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့၊ ထူးထူးတိုးဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်လာသော MV Alliance 001 သင်္ဘောဖြင့် တင်ဆောင်လာသော SCG အမှတ်တံဆိပ် ၅၀ ကီလိုဂရမ် ဘိလပ်မြေ အိတ် ၃၀၀၀၀ အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်း ရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါဘိလပ်မြေများအား ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)