Main menu

Signal သွားတိုက်ဆေးအတုများရောင်းချမှု ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် (၂၀.၆.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၅:၃၀) နာရီအချိန်တွင် ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ) သည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ စည်ပင် သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ညောင်ဦးမြို့ပေါ်ရှိ  ဈေးကွက်များတွင် Signal အမှတ်တံဆိပ် သွားတိုက်ဆေး အတု များရောင်းချမှု ရှိမရှိကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် Signal အမှတ်တံဆိပ်သွားတိုက်ဆေး အတုများရောင်းချမှုရှိမရှိကို ကုန်ပစ္စည်းအစစ်နှင့်အတု၏ ခြားနားချက် အသေးစိတ်များနှင့် တိုက်ဆိုင်စိစစ်၍ အရောင်းဆိုင် တာဝန်ရှိသူများအား အတုနှင့် အစစ်ကို ခွဲခြားသိရှိစေပြီး ကုန်စည်များရောင်းဝယ်ရာတွင် တုပမှုများ ရှိနိုင်၍ သတိထား၍ရောင်း ဝယ်မှုပြုလုပ်ကြရန်လိုအပ်ပါကြောင်း၊ ရောင်းချသောကုန်စည်များတွင်  စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော် ပြခြင်းများနှင့်ကိုက်ညီသော ကုန်စည်များနှင့်သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပါသော ကုန်စည်များကိုသာ  ရောင်းချစေရေး၊ မြန်မာဘာသာဖြင့်ဖော်ပြ ထားသော ကုန်စည်များရောင်း ချစေရေးတို့အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း၊ စစ်ဆေးမှုများတွင် Signal အမှတ်တံဆိပ်သွားတိုက်ဆေးအစစ်များကိုသာ ရောင်းချမှုတွေ့ရှိရပြီး အတုအပများ ရောင်းချမှုမရှိပါကြောင်း ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေးတို့အတွက် စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်းသိရသည်။

DOCA(မန္တလေး)