Main menu

ဖြူးမြို့နယ်မှ အောင်မြင်ဖြစ်ထွန်းလျှက်ရှိသော အထွက်ကောင်း Jusmine 5 ရက် ၁၀၀ စပါးစိုက်ခင်း

Powered by Drupal

               တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စုမှ တောင်သူလယ်သမားကြီး ဦးစိန်ဝင်း၏ လယ်မြေတွင် အထွက်ကောင်း Jusmine 5 ရက် ၁၀၀ စပါးစိုက်ခင်း အောင်မြင်ဖြစ် ထွန်းလျှက်ရှိကြောင်း သိရှိရပါသည်။

              ယခုနှစ်မိုးရာသီတွင် Jusmine 5 ထိုင်းမျိုး ရက် ၁၀၀ စပါး ၁၁ ဧကကို စမ်းသပ်စိုက်ပျိုး ပြီး လာမည့်နွေစပါးစိုက်ရာသီအတွက် မျိုးဖြန့်ဖြူးရောင်းချရန် ရည်ရွယ်ကြောင်း၊ နွေစပါးစိုက်လျှင် တစ်ဧက ၁၁၀ တင်းအထိ ထွက်ရှိကြောင်း၊ ယခု ဖြူးမြို့နယ်တွင် တောင်သူဦးစိန်ဝင်း တစ်ဦးတည်း သာ စမ်းသပ်စိုက်ပျိုးကြောင်း သိရပါသည်။

              ၎င်းစပါးမျိုး၏ အားသာချက်မှာ ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ အသီးတစ်သီးနှင့်တစ်သီး ထပ်၍ ပတ်လည်သီးသီးခြင်း (တောင်သူအခေါ် ပန်းကုံးစိတ်ခြင်း)ကြောင့် စပါးအထွက်နှုန်း ကောင်းခြင်း၊ ဆန်သားရှည်၍ လှပခြင်းကြောင့် ဈေးကွက်အတွင်း မျက်နှာပန်းလှခြင်းဖြစ်ကြောင်း တောင်သူဦးစိန်ဝင်း၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)