Main menu

ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက် အလကကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

       ရခိုင်ပြည်နယ်  စားသုံးသူရေးရာဦးစီးဌာနမှ ကျောက်ဖြူခရိုင်ဦးစီးမှူး ဦးအေးကျော် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဩဂုတ်လ(၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီတွင် ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ကျောက်ဖြူခရိုင်ဦးစီးမှူးမှ စားသုံးသူများအနေဖြင့် အသင့်စားမုန့်ပဲ သရေစာများဝယ်ယူစားသောက်ရာတွင် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအားအဓိကထားဖတ်ရှုသင့်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက စားသုံးသူ ရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိသည့် အကြောင်းအရာများအားလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/သူ (၇၀)ဦးအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ရခိုင်)