
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်းအဖွဲ့ဝင်များနှင့် ကျေးရွာစာရေးများနှင့်အတူ ၂၇-၆-၂၀၂၅ ရက်နေ့က ကျေးရွာနေပြည်သူများ ဆီထုတ်ယူခွင့်စာအုပ်ဖြင့် ဝယ်ယူမှုအား ဆီရောင်းချသူ ကိုယ်စားလှယ်များမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ညောင်တုန်းမြို့နယ်ရှိ ကျုံတမာကျေးရွာ၊ ပေစိကျွန်းကျေးရွာ၊ ဝါးဆောစွန်းကျေးရွာများမှ ဆီရောင်းချသူ လုပ်ငန်းရှင်များ Resources Group Tranding ဗီနိုင်းအပြာရောင်ဖြင့် ရောင်းချသည့် ရည်ညွှန်းဈေး၊ ရောင်းချသည့် ဆီပိဿာ၊ ရောင်းချရက်စွဲ တို့ကို မြင်သာသောနေရာတွင် ဖော်ပြပြီးရောင်းချရန်၊ ဝယ်ယူမှု ဆီထုတ်စာရပ်စာရင်း ရေးသွင်းပုံစံများ ရေးသားဖြည့်သွင်း၍ မြို့နယ်ဆီကုန်သည်များအသင်းသို့ ပေးပို့ရန်ကိုလည်းကောင်း သတ်မှတ်စည်ကမ်း ချက်များအတိုင်း လိုက်နာရောင်းချပေးရန် ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ဝယ်ယူသူပြည်သူ များကိုလည်း သတ်မှတ်ရက်အတွင်း အချိန်အတွင်း ဆီဝယ်ယူနိုင်ရေး၊ ဆီစာအုပ်များပျောက်ပျက်ခြင်း မရှိစေရန် ဂရုပြုသိမ်းဆည်းထားရေးတို့ကို သိရှိနားလည်နိုင်ရန် ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)