Main menu

ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၇-၆-၂၀၂၅)ရက်နေ့ တွင် မအူပင်မြို့နယ်၊ မင်းလမ်းမကြီးပေါ်ရှိ “ကျား” ပဲမုန့်နှင့် မုန့်မျိုးစုံ ထုတ်လုပ်သော စားသောက်ကုန်လုပ်ငန်းသို့ ထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲမုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်အား စက်မှုလိုင်စင်းရှိ/မရှိနှင့် လိုင်စင်ရှိပါက သက်တမ်းတို့ဆောင်ရွက်ထားမှု ရှိမရှိကို စစ်ဆေးခြင်း၊ ဈေးကွက်မရောက်မှီ ကုန်စည်များ ထုတ်ကုန်လုံခြံစိတ်ချရမှု ရှိစေရေးနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များ ဘေးအန္တရာယ်ကင်းစွာ ရောင်းချနိုင်ရေးကို လုပ်ငန်းခွင်အရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့်ညီညွှတ်စွာ ထုတ်လုပ်ရောင်းချနိုင်ရေး အသိပညာပေးခြင်းနှင့် ထုတ်လုပ်သော ပဲမုန့်၊ ဘဲဥမုန့်၊ အငံမုန့် ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်နေမှုအဆင့်ဆင့်ကို ကြည်ရှုစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသောက်ကုန် အမျိုးမျိုးထုတ်လုပ်ရာတွင် ကုန်စည်များ၌ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းပုံအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ဖြစ်စေ၊ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း များကိုသာ ရောင်းချပါရန် အသိပညာပေးဆွေးနွေးခဲံ့ပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)