Main menu

အသင့်စားကြက်အူချောင်း၊ ဝက်အူချောင်းများတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်မှု ရှိ-မရှိစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် ဓနုဖြူမြို့နယ် အတွင်းရှိ မှတ်ပုံတင်ထားရှိသော ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူရောင်းသော အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ၏ ရောင်းချမှု အခြေအနေများကို ဓနုဖြူမြို့နယ် ဈေး၊ ဈေးကြီး ၃ဈေးအတွင်း ရောင်းချသူလုပ်ငန်းရှင် (၈)ဦးထံမှ ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် ဇကာကြီးဈေး၊ မြို့မဈေး၊ မင်္ဂလာဈေး အတွင်းရောင်းချလျက်ရှိသော အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းချနေသဖြင့် ကြက်အူချောင်းနှင့် ဝက်အူချောင်း ပါကင်အထုတ်များတွင် တရားဝင်မှတ်ပုံတင်ထားရှိသော ကုန်စည်များ ရောင်းချမှု ရှိ-မရှိနှင့် ကုန်အညွှန်းအမှတ်မသား ပါဝင်မှု ရှိ-မရှိကို စစ်ဆေးခဲ့ရာ တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီမှ ဖြန့်ဖြူ ရောင်းချလျက်ရှိသည့် အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ၏ ဝယ်ယူရောင်းချနေကြောင်း တွေ့ရှိရပြီး ကြက်အူချောင်းနှင့် ဝက်အူချောင်းရောင်းချသူ များကို ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသည့် ကုန်စည်နှင့် FDA ဌာနမှ ခွင်ပြုချက်ပါရှိသောကုန်စည်များကို ဦးစားပေးရောင်းချရေးတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)