Main menu

ဒိုက်ဦးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် Signal သွားတိုက်ဆေးပုံစံတူ (အတုအပ)များ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့်  ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စိတ်ရောကိုယ်ပါ ကြိုးစားဆောင်ရွက်လျက်ရှိရာ ၂၅.၆.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် မြို့မဈေးတာဝန်ခံနှင့်အတူ ဒိုက်ဦးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် Signal သွားတိုက် ဆေး အတုများ ရောင်းချနေခြင်း ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

     ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် မြို့မဈေးတာဝန်ခံနှင့်အတူ  ဒိုက်ဦးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံက လတ်တလောအနေဖြင့် ဈေးကွက်အတွင်းတွင် Signal သွားတိုက်ဆေးပုံစံတူ (အတုအပ)များ ရောင်းချနေသည်ဟု ကြားသိရကြောင်း၊ Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်းမပြုရန်၊  အတုနှင့်အစစ် ခွဲခြားပုံနည်းလမ်းများကိုလည်းပြသခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် သွားတိုက်ဆေးများကိုသာ ရောင်းချကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)