Main menu

“မိတ္ထီလာမြို့ခရိုင်အတွင်း အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၃   ရက်နေ့ (၁၀း၀၀) အချိန်တွင် မိတ္ထီလာခရိုင်အတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသော အလှကုန်ဆိုင် (၁၀) ဆိုင်အား စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် Better Way (Thailand), Co.,ltd မှ FDA ထောက်ခံချက်များဖြင့် Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများ သည် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling  ကပ်၍ စျေးကွက်အတွင်းသို့တရား ဝင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ စျေးကွက်အတွင်း Mistine အလှကုန်ပစ္စည်းများကို တုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည့်အတွက် ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်းနှင့် စျေးကွက်အတွင်း အလှကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား မည်သည့် လုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်နှင့်အညီ ဖော်ပြ၍ တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန်လိုအပ်ကြောင်း၊ အကယ်၍ လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေအရ အ‌ရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ Mistine အလှကုန်ပစ္စည်းများအား Thiri Cosmetic Co.,Ltd မှ FDAထောက်ခံချက်  Hologram (ရောင်ပြန်) ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ်သားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          အလှကုန်ပစ္စည်းရောင်းဆိုင်များအနေဖြင့် Mistine အလှကုန်များကို တရားဝင်ကုမ္ပဏီများမှ ဝယ်ယူ‌ရောင်းချပါကြောင်းနှင့် ရောင်းချနေသော Mistine အလှကုန်များတွင် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။

DOCA(မန္တလေး)