
၂၆.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ရန်ကင်းမေဃဝန်လမ်း၌ စားသုံးသူပြည်သူများသို့ စားအုန်းဆီရောင်းချပေးနေမှုအား စားသုံးသူ ရေးရာဦးစီးဌာနမှ သထုံခရိုင်ဦးစီးမှူး၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူပြည်သူများပွင့်လင်းမြင်သာ စွာရှိစေရေးအတွက် သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိ တို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)