
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အနောက်ခြမ်းကျေးရွာများသို့ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကျေးရွာများအရောက် ကွင်းဆင်း အသိပညာပေး ဆွေးနွေးခြင်းအား ဇွန်လ(၂၈)ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ကွင်းဆင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးမျိုးမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဆည်မြောင်း ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိတို့ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် နံနက်(၀၈:၃၀)နာရီတွင် ရေကျော်ကျေးရွာအုပ်စုသို့လည်းကောင်း၊ နေ့လယ်(၁၄:၀၀)နာရီတွင် ဥတိုသမဲ့ကျေးရွာအုပ်စုသို့လည်းကောင်း၊ ညနေ(၁၇:၀၀)နာရီတွင် အောက်ကျောင်းကျေးရွာ အုပ်စုသို့လည်းကောင်း ကွင်းဆင်း၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး/ရာအိမ်မှူး များ၊ ရက်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများအား တွေ့ဆုံပြီး ပြည်သူစစ်မှုထမ်း ဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ သဘာဝအန္တရာယ် ကြိုတင်ကာကွယ်ရေး (ရေဘေးအန္တရာယ်)၊ စားသုံး သူကာကွယ်ရေးဆိုင်ရာများ စသည့်ကိစ္စရပ်များ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား သက်ဆိုင်ရာဌာနမှ ရှင်းလင်းအသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)