Main menu

ဆိပ်ဖြူမြို့၌ ဈေးကွက်အတွင်းမှ ဘေးအန္တရာယ်ရှိသောကုန်စည်များ ပပျောက်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည်  စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၇.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်း ရပ်ကွက်ရှိ “ကိုဦး” နှင့် “ပေါ်ပြူလာ” စတိုးဆိုင်များသို့ Singal အမှတ်တံဆိပ် သွားတိုက်ဆေးအတုများ ရောင်းချခြင်း ရှိ/မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း Singal အမှတ်တံဆိပ် သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိကြောင်း၊ အခြားသွားတိုက်ဆေးအမျိုးမျိုးတို့ကိုလည်း စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိပြီး သက်ဆိုင်ရာ ခွင့်ပြု ထောက်ခံချက်ပါရှိသော သွားတိုက်ဆေးကိုသာ ရောင်းချကြောင်းတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို ဆွေးနွေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)