Main menu

စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

        ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် စစ်တွေမြို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ဦးဆောင်၍ မြို့နယ်စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၂-၈-၂၀၂၂)ရက် နေ့လည်(၉:၃၀)နာရီအချိန်တွင် စစ်တွေမြို့ မြို့မဈေးကြီးအတွင်း ဈေးဆိုင်များရှိ ရောင်းချနေသော စားသောက်ကုန် ပစ္စည်းများအား စားသုံးသူပြည်သူများမှ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ကုန်ပစ္စည်းများပေါ်၌ သတင်းအချက် အလက်များအား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်ရေးရည်ရွယ်၍ ရှောင်တခင်ဈေးကွက်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးဆိုင်အချို့၌ သက်တမ်းလွန်ပစ္စည်းများဖြစ်သော COCACOLA, MAX တံဆိပ်အချိုရည်၊ Ve Ve နို့အချိုရည်၊ Jally Egg မုန့်ပဲသရေစာများအား တွေ့ရှိရ၍ ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဈေးဆိုင်လုပ်ငန်းရှင်များအား စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော  သက်တမ်းလွန်ကုန်ပစ္စည်းများ မရောင်းချစေရေး အသိပညာပေးခြင်း၊ ၂/၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပြဌာန်းချက်အရ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဦးစားပေး ရောင်းချကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)