Main menu

မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပ

Powered by Drupal

         ၅.၈.၂၀၂၂ ရက်နေ့ နေ့လယ်  (၁၃:၀၀) ချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အလုပ်အမှုဆောင် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်း၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်း ဥက္ကဌ၊ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ နှင့် ညီနောင်အသင်းများမှ အသင်းဝင်များ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနေဇော်အောင်က မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်နိုင်ရေးကိစ္စရပ်များ အား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ညီနောင်အသင်းများမှ အသင်းဝင်များက ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား (၁၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)