Main menu

ချောက်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဌာနစုံဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်/ချောက်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်ချောက်မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုး(ချောက်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး)နှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး) တို့သည် (၅.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)မှ (၁၁:၃၀)နာရီထိ ချောက်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအ ရောင်းဆိုင်များအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာ‌ရေး၊ စျေးတာဝန်ခံတို့နှင့်  ပူးပေါင်းပြီး ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ဆေးဆိုင်များတွင်ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ Lebelling ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ  ပူးပေါင်းစစ်ဆေးခဲ့ပါသည်။ လုပ်ငန်းရှင်များအား ဆေးနှင့် ဆေးပစ္စည်းများတွင် စားသုံးသူရေးရာဦးစီး ဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)ပါ ကုန် အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားပြီး FDA ထောက်ခံချက်ရှိ သော ကုန်ပစ္စည်းများသာ ဆိုင်တင်ရောင်းချရန်နှင့် ဆိုင်ဝန်ထမ်းများအား ဆေးဝါးကျွမ်းကျင် သင်တန်းများ တက်ရောက်ထားကြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီ၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)