
(၃၀.၆.၂၀၂၅) ရက်နေ့ နေ့လည်(၁၂၃၀)အချိန်က မအူပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေး(၅၅)ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေများ ရှင်းလင်း ဆွေးနွေးခြင်း၊ ဆန် စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အကြောင်းကိုလည်းကောင်း၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် နှင့် စားသုံးသူအခွင့်အရေး၊ စီးပွား’ရေးလုပ်ငန်းရှင်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ကော်မတီဖွဲ့စည်းခြင်း အကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ကိုရှင်းလင်းခြင်း၊ ဆက်လက်၍ ဆန်၊ စပါး သိုဘှောင်ရုံများ မှတ်ပုံတင်သက်တမ်း ၁နှစ်ပြည့်မြောက်ပြီးသော စပါးသို၊ ရုံများ မှတ်ပုံတင်သက်တမ်းထပ်မံ တိုးမြှင့်နိုင်ရေးကို ဆောင်ရွက်ရန်အကြောင်းကို အသိပေးရှင်းလင်းပြီး သက်တမ်းတိုးဆောင်ရွက်ခြင်း လုပ်ငန်းအဆင့်ဆင့်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)