Main menu

မိုးညိုမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက် ဖြင့် (၅.၈.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဦးဇော်ထွန်းနှင့် ဒု-ကြီးကြပ်ရေးမှူးဦးမြင့်လွင်တို့သည်မြို့နယ်စည်ပင်သာယာ ဈေးအတွင်းရှိ ကုန်စုံဆိုင်များရှိ  အလှကုန်ပစ္စည်းများတွင် FDA ခွင့်ပြုချက် ရှိ/မရှိ ၊ Hologram Sticker များ ပါ /မပါ ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမီ ကုန်ပစ္စည်းများရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေး ဥပ‌ဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၂၄)ပါ ပြစ်မှု၊ ပြစ်ဒဏ်များကို အကျယ်တဝင့် အသိပညာပေးရှင်းလင်း ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)