Main menu

မင်းလှမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်တွင် ခရိုင်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် (၈.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးဦးအောင်သိန်း၊ မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင် သာယာဈေးအတွင်း ကုန်စုံဆိုင်များရှိ အလှကုန်ပစ္စည်းများတွင် FDA ခွင့်ပြုချက်ရှိ/မရှိ ၊ Hologram Stickerများ ပါ/မပါ ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသည့် အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ၊ စားသုံးသူများ နစ်နာမှုဖြစ်စေမည့် သက်တမ်းလွန် အလှကုန်ပစ္စည်းများကို သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် ၊ FDA ခွင့်ပြုချက်မရှိသည့် အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုကြရန် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)