Main menu

ခြင်ဆေးခွေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် မြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များသို့ (၈.၈.၂၀၂၂) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီး မှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဌာနမှတာဝန်ရှိသူ တစ်ဦး၊ စည်ပင်သာယာ ဈေးဂေါင်း တို့နှင့်အတူ တရားဝင်ဖြန့်ဖြူးရောင်းချခွင့် မှတ်ပုံတင်ထားခြင်းမရှိသော ခြင်ဆေးခွေများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ကြို့ပင်ကောက်မြို့နယ် ၊ မြို့မဈေးအတွင်း/အပြင် ကုန်စုံဆိုင်များတွင် တရားဝင် စိစစ် ခွင့်ပြု ထားသည့် ပိုးသတ်ဆေး ဆိုင်ရာ သုံးစွဲထုတ်လုပ်ခွင့်၊ ပိုးသတ်ဆေးသုံးစွဲသည့် ကုန်ပစ္စည်း၏ ထုတ်ပိုး ပစ္စည်းနှင့်ပတ်သက်သည့် စိစစ်ခွင့်ပြုချက်များ ရယူဆောင်ရွက်ထားခြင်းမရှိဘဲ တရားမဝင် နည်းလမ်းဖြင့် ထုတ်လုပ်ရောင်းချနေသော ခြင်ဆေးခွေများ ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိခြင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ ပါရှိမှသာ ရောင်းချရန် အသိပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)