Main menu

ပေါင်မြို့နယ်၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ပေါင်မြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၁.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ် အမှိုက်နှင့် အန္တရာယ်ရှိအမှိုက်စသည့် အမှိုက်(၄)မျိုးတို့အား သတ်မှတ်အမှိုက်ပုံး အရောင်များ အလိုက် စနစ်တကျခွဲခြားစွန့်ပစ်ရေး ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင် မှုများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျူးမြတ် ချယ်လင်းက အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းဖြင့်ရရှိမည့် ကျန်းမာရေး အကျိုးကျေးဇူးများ ကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက အမှိုက်များကို စည်းကမ်းမဲ့မီးရှို့ခြင်းမပြုဘဲ စနစ်တကျစွန့်ပစ်ကြရေးတို့ကိုလည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)