Main menu

Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး များနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား Mistine အမှတ်တံဆိပ် အလှကုန် ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် FDA ထောက်ခံချက်များဖြင့် Mistine အမှတ် တံဆိပ် အလှကုန်ပစ္စည်းများတွင် Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာ Labelling ကပ်၍ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချက်များနှင့်ပြည့်စုံခြင်းမရှိသည့် Mistine အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို တရားဝင်ခွင့်ပြုချက်ရှိသည့်ကုမ္ပဏီများမှ ဝယ်ယူရောင်းချကြရန် ပြောကြားခဲ့ ပါသည်။

          ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်ဝန်ထမ်းများက ဈေးကွက်အတွင်း အလှကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်း ရှင်များအား ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဉပဒေပြဋ္ဌာန်းချက် အခန်း(၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)အရ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မခွဲ(စ)အရ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအချိုးအစားများ ပါဝင်ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)