Main menu

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ် ၊ ဩဂုတ်လ(၈)ရက် နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်း(၅)ဦးသည် လွိုင်ကော် မြို့နယ်၊ နောင်ယား(က) ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌   ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၆၀)ဦးကိုစားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်မြို့ရီ( ဦးစီးအရာရှိ )က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ အနေဖြင့် မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး  တောင်းဆိုရယူတက်စေရန်၊ နစ်နာ ဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍  တိုင်ကြားနိုင်ရန်အတွက်  စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက်များကို လည်းကောင်း၊  TV များတွင် ကလေးများအတုယူမမှားသင့်သော အလွန်အကြူးချဲ့ ကားကြော်ငြာနေသော ကြော်ငြာများနှင့်ပတ်သက်၍လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ MPT ၊ Ooredoo၊ Telenor၊ Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းများကိုသက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)