Main menu

“နှင်းချယ်ရီ” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal
၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ ၊ နံနက်(၁၁:၀0)နာရီအချိန်တွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ်၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူ များသည် ပင်းတယမြို့နယ်၊ ဆင်ခေါင်းရပ်ကွက်ရှိ နှင်းချယ်ရီ သောက်ရေသန့် လုပ်ငန်း အား ထုတ်ကုန်များလုံခြုံမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာ၌ နှင်းချယ်ရီ သောက်ရေသန့်သည် မြန်မာစာ ကုန်အညွှန်းအမှတ်အသားများ ကို ပြည့်စုံစွာ ဖော်ပြထားကြောင်း၊ သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များနှင့်အညီ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အဆိုပါ သောက်ရေသန့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။ DOCA(ရှမ်း)