၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နံနက် (၉:၀၀)တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန တို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဇူးဇူးဇင်နိုင်မှ စားသုံးသူ၏အခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ ၊ကုန်စည်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်ညွှန်းအမှတ်အသားအကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း အကျယ်တဝင့်ပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူဦးရေ(၂၀၀) တက်ရောက်ခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပြီးနောက် အခမ်းအနားကို နံနက်(၁၁:၃၀) တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)