Main menu

တောင်ငူမြို့ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

              စာသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်အတွင်းမှ ဆေးနှင့်ဆေးပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပါသည်။

            ရှေးဦးစွာ ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၂၁/၂၀၂၀ အရ ဆေးဝါးများကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်သဖြင့် ဆေးဝါးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း မပြုလုပ်ရန်ကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားမဝင်ဆေးဝါးများ၊ အတုအပနှင့် အရည်သွေးနိမ့်ဆေးဝါးများ ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက် မူဝါဒဆိုင်ရာအခက်အခဲများရှိပါက ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိသည်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ဆေးဝါးဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ဆွေးနွေးပါသည်။

              တောင်ငူခရိုင်အတွင်း လတ်တလောအနေဖြင့် ဆေးဝါးပြတ်လပ်မှု မရှိကြောင်း၊ ဆေး ဈေးနှုန်းမှာ အခြားကုန်စည်များနည်းတူ အတိုင်းအတာတစ်ခုအထိ မြင့်တက်လာသော်လည်း ဈေး ကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင်ဆေးဝါးများ၊ အတုအပနှင့် အရည်အသွေးနိမ့် ဆေးဝါးများရောင်းချခြင်းမရှိကြောင်းကို တွေ့ရှိရပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူမြို့မှ ဆေးနှင့်ဆေးပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင် ၉ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)