Main menu

အုတ်တွင်းမြို့နယ် နတ်စင်ကုန်းမူလွန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

              အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက် သည့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနက ဖွင့်လှစ်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)၊ စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm တို့တွင် တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်စုစုခိုင်က မိုးတွင်းကာလတွင် ဖြစ် ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာက ခလေး သူငယ်များ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်းများကို လည်းကောင်း ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၁၁ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)