Main menu

ညောင်တုန်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော DENKO၊ UTT & San, OK Energy၊ အောင်ထက်လင်း၊ ကျော်စံ၊ ထွန်း၊ (၆)ဆိုင်အား မြိုနယ်ရေနံနှင့်ရေနံထွက်ပစ္စည်းများထိမ်းသိမ်းကြီးကြပ်ရေးကော်မတီများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အရံ မီးသပ်တပ်ဖွဲ့နှင့် အတူ(၂.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)အချိန်က စက်သုံးဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပါသည်။ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိက ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/ မရှိ၊ ဒေသအတွင်း စက်သုံးဆီမပြတ်လပ်မှု ရှိ-မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိပါက ဌာနသို့ ဆက်သွယ်နိုင်ရန်ကိုလည်းကောင်း၊ ရန်ကုန်မြို့ရှိ ကုမ္ပဏီများမှ မှာယူထားသော စက်သုံးဆီဘောက်ဆာကားများ အချိန်ကြန့်ကြာမှုမရှိဘဲ အချိန်မီ ရောက်ရှိစေရေး ကူညီဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆီသိုလှောင်ထား ရှိသော ဆီကန်များအား ကြည်ရှု စစ်ဆေးခြင်း တို့ကိုဆောင်ရွက်ပြီး မြိုနယ်ရေနံနှင့်ရေနံထွက်ပစ္စည်းများထိမ်းသိမ်းကြီးကြပ်ရေးကော်မတီများက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရည်အသွေး၊ အချင်အတွယ် စစ်ဆေးခြင်း၊ စက်သုံးဆီများ သက်မှတ်ထားသော အရည်အသွေးနှင့် ကိုက်ညီမှု ရှိ မရှိကို စစ်ဆေးခြင်း၊ ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်းဆိုင်သို့အမှန်ရောက်ရှိခြင်း ရှိ/ မရှိ၊ စက်သုံးဆီလိုင်စင်သတ်တမ်းများ ကိုစစ်ဆေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ချက်နှင့် မညီသော စက်သုံးဆီရောင်းချမှုကို စစ်ဆေးတွေ့ရှိရပါက ဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံဆီဆိုင်တာဝန်ခံများကို အသိပေးပြောကြားခဲ့ပါသည်။ DOCA(ဧရာဝတီ)