
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် ဆန်စက်နှင့် သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် (၂-၇-၂၀၂၅) ရက်နေ့က ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် တွေ့ဆုံ၍ (Myanmar Rice Online MyRo) မှတ်ပုံတင်သက်တမ်းပြည်မှီသော ဆန်စက် သိုလှောင်ရုံးများ သက်တမ်းတိုးဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online MyRo) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ စ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် MyRo မှတ်ပုံတင်သိုလှောင်ရုံ (၁၂၃) လုံးမှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဇွန်လအတွင်း မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီးဖြစ်ပါ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အတွင်းရှိ ဆန်စက်နှင့် သိုလှောင်ရုံများ ထပ်မံသက်တမ်းတိုးခြင်း လုပ်ငန်းကိုဆောင်ရွက်နိုင်ရန် ကို အကျယ်တဝင့် ရှင်းလင်းပြီး မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်း လင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင် (၁၀)ဦး နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)