
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံ သည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေး အတွက် (၃.၇.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်တုန်းမြို့ရှိ အ.ထ.က(၁)အခြေခံပညာ အထက် တန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား(၁၅၀)ဦး၊ ဆရာ၊ ဆရာမ(၆)ဦးတို့အား စာဖတ်ခြင်း ၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးအန္တရာယ်ဆိုးကျိုးအကြောင်း၊ စားသုံးသူရေး ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်(ဦးစီးအရာရှိ)က စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်သော ဌာနတစ်ခုဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကာကွယ်မြင့်တင်ဖို့ လုပ်ဆောင်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာမှုကို ကာကွယ်ပေးခြင်း၊ စားသုံးသူ အခွင့်အရေး အခြေခံ ၈ချက်ကို သိရှိနားလည်ထားကြရန်၊ သတ်မှတ် ထားသော ဥပဒေနည်း ဥပဒေ များဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းဖြစ် ကြောင်းကို အကျယ်တဝင့် ရှင်းလင်းခြင်း၊ စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုအပေါ် တိုင်ကြားနိုင်သော ဌာနဖြစ်သည့် စားသုံးသူ ရေးဦးစီးဌာနတွင် တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များ အကြောင်း ကို အသေးစိတ်ရှင်းလင်းပြီး တိုင်ကြားလိုရသော နည်းလမ်းများဖြစ်သည့် www.doca.gov.mncomplant တွင် တိုင်ကြားနိုင်ခြင်း။ DOCA Myanmar Mobile Applaction ဖြင့် တိုင်ကြား နိုင်ခြင်း၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်/တိုင်း/ပြည်တယ်များတွင် ဖွင့်လှစ်ထားသော CICCများသို့ လူကိုယ် တိုင်သော် လည်းကောင်း၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ခြင်း။ စားသုံးသူ ကာကွယ်ရေး အသင်းအဖွဲ့များမှတဆင့် တိုင်ကြားနိုင်ခြင်း၊ DOCA and CICC FaceBook Page Messanger မှတဆင့် တိုင်ကြားနိုင်ခြင်း၊ consumerwebsitedoca@gmail.com, ciccnpt@gmail.com မှတဆင့် တိုင်ကြားနိုင်ခြင်း တို့ကို ရှင်းလင်းပြီး Consumer Call Center 1535 ကိုလည်း ဆက်သွယ်မေး မြန်းတိုင် ကြားလို့ရကြောင်းကို ရှင်းလင်းပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေး မြန်းကြ၍ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ ကြောင်းသတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)