Main menu

သိဒ္ဂိစံ ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်း များသည် (၂.၇.၂၀၂၅) နေ့နံနက် (၁၀:၃၀)အချိန်တွင် ဓနုဖြူမြို့ ရန်ကုန်-ဟင်္သတ ကားလမ်းဘေး ရှိ သိဒ္ဂိစံ ဆန်စက် သို့သွား ရောင်၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေးကို ကွင်းဆင်းစစ်ဆေး လေ့လာဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် သိဒ္ဂိစံ ဆန်စက်လုပ်ငန်းရှင် နှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်း လည်ပါတ်မှုအခြေအနေကို လုပ်ငန်းခွင်ကို လေ့လာခဲ့ပြီး စပါးဝယ်ယူပြီး ဆန်ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ၊ ကြိတ်ခွဲပြီးထွက်ရှိလာသောဆန်များကို တင်ပို့ရောင်းချမှုအခြေအနေ၊ ဆန်ဈေးကွက် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး၊ ဆန်စပါးဈေးကွက်တည်ငြိမ်မှန်ကန်စေရေး၊ ဇူလိုင်လ သတ်မှတ်ရည်ညွှန်းဈေးဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် များနှင့်အညီ ဖြန့်ဖြူးရောင်းချရေးတို့ကို ဆွေးနွေးခဲ့သည်။ ဆန်တစ်နေ့ကြိတ်ခွဲနိုင်မှု ၊ စပါးသိုလှောင်ထားရှိမှုနှင့် ဆန်လက်ကျန်များကိုမေးမြန်းခဲ့ပြီး MyRo မှတ်ပုံတင်သက်တမ်းပြည့်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရန် အသိပေးခဲ့ပြီး သတ်မှတ်ချက်အတိုင်း အလေးထား လိုက်နာ ဆောင်ရွက်ရန်ကို အသိပေးပြောကြားခဲ့သည်။ DOCA(ဧရာဝတီ)