Main menu

“မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း’’

Powered by Drupal

          ပိုးသတ်ဆေးလိုင်စင်မရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားတုပပြုလုပ်၍ တရားမဝင် ခြင်ဆေးခွေများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံသည် (၄-၈-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံမှ ပိုးသတ်ဆေးလိုင်စင်ရယူပြီး အခွန်ပေးဆောင်လျက်ရှိသော “ကျင်းထုံ”ခြင်ဆေးခွေကို Shwe Kalay Co.,Ltd မှ တစ်ဦးတည်း ကိုယ်စားလှယ်ယူ၍ စျေးကွက်တွင်း ဖြန့်ဖြူးရောင်းချလျက်ရှိရာ ပိုးသတ်ဆေးလိုင်စင်မရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားတုပပြုလုပ်၍ တရားမဝင်ခြင်ဆေးခွေ “ကျင်းဟုံ”အမည်ဖြင့် လည်းကောင်း၊”ရှင်းထုံ” အမည်ဖြင့် လည်းကောင်း တုပ၍ ရောင်းချမှုမရှိစေရေး လိုက်နာဆောင်ရွက်မှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ အရောင်းဆိုင်များတွင် တရားဝင်တင်သွင်းသော “ကျင်းထုံ” ခြင်ဆေးခွေကိုသာ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)