
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာဝန်ခံ သည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည် (၁.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီ အချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ပဒေသာဈေးအတွင်းရှိ စားသုံး ကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးကုန် ကုန်စည်များတွင် တားမြစ်ဆေးဝါးများ သုံးစွဲခြင်းရှိ/မရှိ နမူနာကောက်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့ နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းနှင့် တားမြစ်ချက် များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့်သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသုံးကုန်အရောင်းဆိုင်(၁၂)ဆိုင်အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)