စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ၂၀၂၂ခုနှစ်၊ ဇူလိုင် လ(၂၈)ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှ စက်သုံးဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရေး ၊ အချိန်အတွယ်ပြည့်မီစေရေးတို့ကို အလေးထားရောင်းချရန်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စျေးကွက် စောင့်ကြည့်ကွင်းဆင်းခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်း၊စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဈေးနှုန်းများကိုလည်း နေ့စဉ်ကောက်ယူ၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြလျက်ရှိရာ မြေပြင်တွင် အမှန်တကယ်ရောင်းချသည့် ဈေးနှုန်းများကိုသာ ပေးရန်ဖြစ်ကြောင်း ၊ မိတ္ထီလာခရိုင်အတွင်း စက်သုံးဆီဆိုင်ပေါင်း ၁၀၂ ဆိုင်ရှိ၍ ဝန်ထမ်းအင်အားကြောင့် ဆီဆိုင်များမှ Viber ဖြင့် ပေးပို့သည့် စနစ်ဖြင့် စက်သုံးဆီစျေးနှုန်းများကို ကောက်ခံနေရကြောင်း၊ သံသယဖြစ်ပေါ်စေသော စျေးနှုန်းများ ဖြစ်ပါကကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ပေးပို့သောစျေးနှုန်းနှင့် မြေပြင်တွင် အမှန်တကယ်ရောင်းချ သောစျေးနှုန်းများကွဲလွဲမှုရှိပါက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်သွားရမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် ထိခိုက်နစ်နာမှုများမရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ ဌာနများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားကြရန် အသိပေးဆွေးနွေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)