Main menu

ပြည်‌ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးတွင်တင်ပြရမည့်စာရင်းဇယား အချက်အလက်များနှင့်ပတ်သက်၍ညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခြင်း

Powered by Drupal
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပသော ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၅)တွင် တင်ပြရမည့်စာရင်းဇယားအချက်အလက်များနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက် ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက် လာသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ ဆွေးနွေးခြင်း၊ ဗဟိုစာရင်းအင်းအဖွဲ့၊ညွှန်ကြားရေး မှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေးအား(၁၅း၀၀) နာရီအချိန်တွင် ပြီးမြောက် ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)