Main menu

ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၌ “ပြည်သူ့ဆက်ဆံရေးပညာ‌” ခေါင်းစဉ်ဖြင့် Thursday Talk ဆွေးနွေးဟောပြော

Powered by Drupal
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Thursday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ (၁၀.၇.၂၀၂၅)ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာ ထွေးသည် “ပြည်သူ့ဆက်ဆံရေးပညာ” ခေါင်းစဉ်ဖြင့် Online(Zoom Meeting)မှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Thursday Talk ဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်များမှ အပတ်စဉ် ကြာသပတေးနေ့တိုင်း ကျင်းပလျက်ရှိရာ ၂၆.၆.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအလှည့်သို့ တစ်ဖန် ပြန်လည်ကျရောက်လာပါသည်။ ထိုကြောင့် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် “ပြည်သူ့ဆက်ဆံရေးပညာ” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူ များနှင့် အမြဲတစေ ထိတွေ့ဆက်ဆံနေရ၍ ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ဆောင်ရန်/ ရှောင်ရန်တို့ကို ဥပမာ၊ ဥပမေယျ များစွာဖြင့် လိုတိုရှင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ပဲခူး)