Main menu

ပြွန်တန်ဆာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုလျော့ပါးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

Powered by Drupal
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂.၇.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော် သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့၊ မြို့မ(၃) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် လူကုန်ကူးမှုလျော့ပါးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေ ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး (၈) ချက်အကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့ သည် မိတ်ဖက်ဌာနများဖြစ်သော ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါအချက်အလက်များ အကြောင်းကို ဟောပြောရှင်းပြခဲ့ပါသည်။ မြို့နယ်တာ ဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်အလက် များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက် အကြောင်း၊ လတ်တလော လူငယ်လူရွယ်များ အကြားတွင် ရေပန်းစားနေသည့် Vape ၏ ဆိုးကျိုး များအကြောင်းကိုလည်း အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါ သည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၄၇၉)ဦးနှင့် ဆရာ/ ဆရာမ (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)