Main menu

အုတ်တွင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများအား အသိပညာပေး ဟောပြောခြင်းများကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ ဈေးရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကသစ်တန်း အခြေခံပညာမူလတန်းလွန် ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်း က စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ဆိုင်ရာဗဟုသုတကို ဟောပြောခဲ့ကြောင်းနှင့် အလက(ခွဲ)ဈေး ရပ်ကွက် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၅၀ ဦးနှင့် အမက(လွန်) ကသစ်တန်း ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၃၅ ဦး တက်ရောက်ကြောင်း သိရပါသည်။ DOCA(ပဲခူး)