Main menu

အုတ်တွင်းမြို့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက အုတ်တွင်းမြို့ စည်ပင်သာဈေးအတွင်း၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အုတ်တွင်းမြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးကို မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ရာ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြေထားသည်ကို တွေ့ရှိရပါသည်။

              ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးက ယခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ပေး သည့်ကုန်စည် ၁၀ မျိုးကို အစီအစဉ်အလိုက်ဆောင်ရွက်ရာ၌ တောင်ငူခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန် ချက်အရ ယခုလတွင် သွားတိုက်ဆေးအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)