Main menu

မအူပင်ခရိုင်အတွက် ဇွန်လ စာအုန်းဆီခွဲတမ်း ရရှိခဲ့ပြီး စနစ်တကျထုတ်ယူဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်း

Powered by Drupal
မအူပင်ခရိုင်အတွင်း မြို့နယ်များတွင် ကုမ္ပဏီများမှ စားအုန်းဆီခွဲတမ်း ရရှိမှုအပေါ် ဇွန်လအတွက် ဆီပေပါများကို မြို့နယ်များမှ သတ်မှတ်နေရာများတွင် စနစ်တကျထုတ်ယူပြီး စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချဖြန့်ဖြူးပေး လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မအူပင်ခရိုင်အနေဖြင့် စားအုန်းဆီခွဲတမ်းများကို Central Myanmwr International Trading ကုမ္ပဏီ၊ Myanmar Top Notch ကုမ္ပဏီ၊ Resources Group Trading ကုမ်ပဏီ တို့မှ မြို့နယ်အလိုက် ဆီပေပါများ သတ်မှတ်ရက်အတွင်း ထုတ်ယူရန် သတ်မှတ်နေရာနှင့် အချိန်နှင့်တပြေးညီ ထုတ်ယူရရှိပြီ စားအုန်းဆီထုတ်ကိုယ်စားလှယ်များမှ ငွေပေးသွင်းပြီး ပြည်သူများ ထံ သက်ဆိုင်ရာများ၏ ကြီးကြပ်ဆောင်ရွက်မှုနှင့်အညီ ရောင်းချနေပြီး ဇွန်လအတွက် ရရှိခဲ့သော မအူပင်မြို့နယ်ရရှိ ပေပါ (၁၀၇၈)လုံး၊ ပန်းတနော်မြို့နယ်မှ (၇၆၅)ပေပါ၊ ညောင်တုန်းမြို့နယ်မှ ပေပါ (၇၇၃)၊ ဓနုဖြူမြို့နယ်မှ ပေပါ (၆၅၁)ရရှိကြောင်း စုစုပေါင်း (၃၂၆၇) ပေပါကိုရရှိပြီး မေလအတွက် ဆီပေပါလိုအပ်ချက် ၅ပေပါ ထပ်မံရရှိပြီး (၃၂၇၂)ပေပါ ဇွန်လ အတွက် ထုတ်ယူရရှိခဲ့သည်။ သတ်မှတ်ရက်အတွင်း ဆီကားများရောက်ရှိလာပြီး ဇူလိုင်လအတွက် ဆီထုတ်ယူ ရမည့် အစီအစဉ်များကိုလည်း အမှတ်တကယ် ထုတ်ယူရရှိရေးနှင့် ဆီကိုယ်စာလှယ်လက်ဝယ်အရောက် ရရှိစေရေး ဌာနမှ ကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ DOCA(ဧရာဝတီ)