Main menu

မြစ်ကြီးနားမြို့၊အ.မ.က(၅) မူလွန်ကျောင်း၊ သီတာရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်း အသိပညာ‌ပေး‌ဟောပြောခြင်း

Powered by Drupal
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဒေါ်ဆွမ်လွတ်ဇယ်လမ်း (အကြီးတန်းစာရေး) သည် ၈.၇.၂၀၂၅ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အ.မ.က(၅)မူလွန်ကျောင်း၊ သီတာရပ်ကွက်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၄၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဟောပြောရာတွင် ဒေါ်ဆွမ်လွတ်ဇယ်လမ်း (အကြီးတန်းစာရေး) က ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည် / ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ အချက်အလက် များအကြောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထား ရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါ ကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။ DOCA(ကချင်)