Main menu

အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူနှင့်အတူ ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ Talk Show အစီအစဉ်ဖြင့် ပြုလုပ် သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

              ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် က ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် လိုအပ်ပုံများကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ တွင် ပြဌာန်းထားသည့် ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပုဒ်မ ၄၃ တွင် ပြဌာန်းထားသည့် မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရမည့် ကုန်အညွှန်အမှတ်များကို လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာ သာဖြင့်ဖော်ပြရာတွင် လုပ်ငန်းရှင်များအခက်အခဲမရှိစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ် ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ထုတ်ပြန်ပေးခြင်းများကိုလည်းကောင်း ဆွေးနွေးခဲ့ ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)