Main menu

မုဒုံမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း ရွေးကောက်တင်မြှောက်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

Powered by Drupal
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ အသင်း၏ ရွေးကောက်တင်မြှောက်ဖွဲ့စည်းခြင်း အခမ်းအနားကို ၈.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်း (၁၀း၀၀) နာရီအချိန်တွင် မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားတွင် မုဒုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း နာယကမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌမှ ဆန်စက်လုပ်ငန်းရှင်များအသင်း ရွေးကောက်တင်မြှောက်ရခြင်း၏ စည်းမျဥ်း စည်းကမ်းများ၊ တာဝန်များကိုရှင်းလင်းပြောကြားခဲ့ပြီး၊ မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆန်စက် လုပ်ငန်းရှင်များအား လိုအပ်သည်များ မှာကြားခဲ့ပြီး တက်ရောက်လာသည့် နာယက၊မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ဌာနဆိုင်ရာများမှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်မှ ၂၀၂၈ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် မြို့နယ်အမှုဆောင်အဖွဲ့အား စိစစ်ရွေးချယ်ပေးခဲ့ကြပြီး အသင်းသားအားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးခဲ့ ကြသည်။ အဆိုပါ အသင်းအမှုဆောင်သစ် အဖွဲ့ကို မုဒုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအနက်မှ ဥက္ကဌ၊ ဒုဥက္ကဌ ၁/၂ ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ၁/၂ ၊ ဘဏ္ဍာရေးမှူး ၊ တွဲဖက် ဘဏ္ဍာရေးမှူး ၊ စာရင်းစစ် ၊တွဲဖက်စာရင်းစစ် (၁၀)ဦးနှင့် အဖွဲ့ဝင် (၃)ဦး စုစုပေါင်း (၁၃) ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ပါကြောင်း သိရှိရသည်။ DOCA (မွန်)