Main menu

ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေးနှင့် အခွင့် အရေးနှင့်တာဝန်များအားသိရှိပြီး ဘေးအန္တာရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေးဆောင်ရွက်လျက်ရှိပါသည်။ ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လအတွင်း ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ပခုက္ကူ စားသုံး သူရေးရာဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူများအား အသိ ပညာပေးခြင်း၊ မီးသတ်ဦးစီးဌာန၌ ခရိုင်/မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းအုပ်ဆရာကြီးနှင့် သင်တန်းသား၊ သင်တန်း သူများ၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းဆရာ၊ ဆရာမများ၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ ဆိပ်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ရေလယ်ကျွန်း ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း၊ စုစုပေါင်းအသိပညာပေး(၆)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဂန့်ဂေါခရိုင်အနေဖြင့် ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး ပခုက္ကူခရိုင်မှ အသိ ပညာပေးခြင်း(၆)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ အသိပညာပေးခြင်း(၁)ကြိမ်၊ စုစုပေါင်း(၇)ကြိမ် ဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(မကွေး)